Wednesday, September 12, 2012

ဘ၀အတွက်စာစုလေးများ..............

၁။ ကိုယ့်ကိုယ်ကို  လေးစားမှု ရှိနေသေးသ၍ သူများဘယ်လိုထင်တယ်ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး ။
၂။ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။
၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။
၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ် ၊ ကိုယ့်အရည်အချင်းတွေလည်းအများဆုံး ထုတ်ပြီး သုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့မသင့်ဘူး ။
၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။
၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်းစားတာ နဲ့တူတယ်။
၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်းကို ဖော်ပြနိုင်ရမယ်။
၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်။

ချစ်သူမင်းနဲ့ဆိုရင်လေ........

မင်းနဲ့ဆိုရင် ..

မင်းနဲ့ဆိုရင်
ငါ့အတွက် အမြဲဆန်းသစ်နေတယ်

မင်းနဲ့ဆိုရင်
ငါ့အတွက် အကောင်းမွန်ဆုံးပါပဲ

မင်းနဲ့ဆိုရင်
ငါဟာ နွေးထွေးမှုကို ခံစားရတယ်

မင်းနဲ့ဆိုရင်
ငါ့အတွက် ပြည့်စုံခြင်းပါပဲ

မင်းနဲ့ဆိုရင်
ငါဟာ လူပီသလာတယ်

မင်းနဲ့ဆိုရင်
ငါဟာ ပျော်ရွှင်တတ်လာတယ်

မင်းနဲ့ဆိုရင်
ငါဟာ သန်မာလာတယ်

မင်းနဲ့ဆိုရင်
ငါဟာ အရှုံးတွေနဲ့ဝေးလာတယ်

မင်းနဲ့ဆိုရင်
ငါဟာ ချစ်တတ်လာတယ်

မင်းနဲ့ဆိုရင် ..



Inline image 1

သူငယ်ချင်းရေ...


သူငယ်ချင်းေ၇…………………
        တခါတလေလောကကြီးက မာယာများတယ်
        လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့
        မင်းစိတ်တွေ ကြံကြံခံနိုင်ပါစေ။  ။


သူငယ်ချင်းေ၇……………………
        အမှားနဲ့ အမှန် ဇဝေဇ၀ါဖြစ်ခဲ့ရင်  အလောတကြီးနဲ့ မဆုံးဖြတ်လိုက်မိစေနဲ့
        အမှန်ဟာ အဝေးကြီးမှာပုန်းမနေပါဘူး
        အချိန်ခဏလေးတော့ လိုအပ်တယ်။              ။


သူငယ်ချင်းေ၇…………………..
        မင်းခွန်အားတွေ ချိနဲ့နေတဲ့အခါ
        မင်းဘေးမှာ ငါရှိနေပေးပါရစေ
        လက်တွဲလို့ ဖေးမရင်းနဲ့ပေါ့။                ။


သူငယ်ချင်းေ၇…………………
        လူလိမ်လူကောက်တွေများတဲ့ ပစ္စုပန်မှာ
        ဘေးဘီဝဲယာလဲကြည့် ရှေ့နောက်အပေါ်အောက်မလွတ်စေနဲ့
        မျက်စိလည်းဖွင့် နားလဲစွင့်ထားပါကွယ်။    ။

သူငယ်ချင်းေ၇…………………….
        သံယောဇဉ်ကြိုးဆိုတာ တင်းလေ အသက်ရှုကြပ်လေပဲနော်
အသက်ရှုကြပ်လေပဲနော်
        ဘယ်တော့မှ တင်းတင်မရစ်မိတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။   ။


သူငယ်ချင်းေ၇……………………
        လောကကြီးမှာ နေပျော်အောင် ကြိုးစားပါ
        ကိုယ့်ဘ၀ကို ကျေနပ်ပါ သူများဘ၀ကိုလေးစားပါ
        မင်းအတွက် အေးချမ်းမှုက ဘာနဲ့မှ မလဲနိုင်ဘူးနော်။  ။

သူငယ်ချင်းေ၇………………….
        မင်းဦးနှောက် မင်းအသိဥာဏ် မင်းနှလုံးသားကို
        စာဖတ်ခြင်းနဲ့ အာဟာရဖြည့်ပါ
        အချိန်ကာလတခုမှာ လေးနက်ရင့်ကျက်မှုတွေပြည့်ဝလာပါလိမ့်မယ်။  ။

သူငယ်ချင်းေ၇…………………..
        ဓါတ်ပြားဟောင်းကြီးလို့တော့ မဆိုလိုက်ပါနဲ့
        နှစ်ထပ်ရှိမှ မှတ်မိမှာမို့
        ကြုံတိုင်းကြုံတိုင်း အမြဲသတိပေးမယ်နော်။ ။

သူငယ်ချင်းေ၇…………………..