Sunday, August 26, 2012

ဘ၀အတွက်စာစုလေးများ........

...........အပြစ်တင် ဝေဖန်ခံရတဲ့အခါ...............
မည်သူ့ကိုမှ
ဖြေရှင်းချက်ပေးမနေပါနဲ့။
အကြောင်းကတော့
သင့်ကိုချစ်ခင်တဲ့သူဆိုရင်
ယုံကြည်ပြီးသားဖြစ်တဲ့အတွက်
ရှင်းပြနေစရာ မလိုပါဘူး။
သင့်ကိုမချစ်ခင်တဲ့သူဆိုရင်
ယုံကြည်မှုမရှိတဲ့အတွက်
ရှင်းပြနေလည်း ယုံမှာမဟုတ်ပါဘူး။

(၇)
......................လက်သည်းတွေရှည်လာတဲ့အခါ
လက်သည်းကိုပဲ ဖြတ်လိုက်ပါ။
လက်ချောင်းတွေကို
 ဖြတ်ပစ်စရာ မလိုပါဘူး။
အထင်အမြင်လွဲမှားမှု ပေါ်လာတဲ့အခါ
အတ္တမာနကိုပဲ ဖြတ်လိုက်ပါ။
ချစ်ခင်မှုသံယောဇဉ်ကို
 ဖြတ်ပစ်စရာမလိုပါဘူး။

(၈)
စိတ်ဆိုးနေတဲ့အခါ
စကားပြန်မပြောပါနဲ့။
ပျော်ရွှင်နေတဲ့အခါ
ကတိမပေးပါနဲ့။
ဝမ်းနည်းနေတဲ့အခါ
ဆုံးဖြတ်ချက်မချပါနဲ့။




(၉)
ဘဝမှာ ပြန်မရနိုင်တဲ့ အရာသုံးခုရှိတယ်…
အချိန်၊ ပြောခဲ့မိတဲ့စကားနဲ့ အခွင့်အလမ်းပါ။
ဘဝမှာ မဆုံးရှုံးသင့်တဲ့ အရာသုံးခုရှိတယ်…
ငြိမ်းချမ်းမှု၊ရိုးသားမှုနဲ့ မျှော်လင့်ချက်ပါ။
ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခုရှိတယ်…
ချစ်မေတ္တာ၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ သူငယ်ချင်းပါ။

(၁၀)
ဘဝရဲ့ အခက်အခဲ အတားအဆီးဆိုတာ
သင့်ကို မလှုပ်ရှားနိုင်အောင်
 ပြုလုပ်နေတာမဟုတ်ဘူး။
သင်ဘယ်လိုလူစားလဲဆိုတာ
ပြသနိုင်ဖို့
အခွင့်အရေး ပေးနေတာပါ။

ငါ့ဘ၀.......

နင်မရှိခင်က ငါ့မှာ
နှလုံးသား တစ်ခုရှိခဲ့တယ် ..
အမြဲရှာဖွေခဲ့တယ် .. အမြဲ လက်လှမ်းခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မတွေ့ရှိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ် တစ်ခုရှိခဲ့တယ် ..
အမြဲ လိုချင်တယ် .. အမြဲတောင့်တခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ အနားမရခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ်ကူး တစ်ခုရှိခဲ့တယ် ..
အမြဲ ကြိုးစားခဲ့တယ် .. အမြဲ လိုချင်ခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မပြည့်ဝခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
ဘ၀ တစ်ခုရှိခဲ့တယ် ..
အမြဲ အစီအစဉ်ချခဲ့တယ် .. အမြဲမျှော်လင့်ခဲ့တယ်
ဒါပေမဲ့လဲ မပြီးမြောက်ခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
မျှော်လင့်ချက် တစ်ခုရှိခဲ့ဖူးတယ် ..
အမြဲရှင်သန်ခဲ့တယ် .. အမြဲလိုချင်ခဲ့တယ်
ဒါပေမဲ့လဲ မစုဆောင်းမိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
အိပ်မက်တစ်ခု ရှိခဲ့ဖူးတယ် ..
အမြဲရှည်လျားခဲ့တယ် .. အမြဲလဲလွဲချော်တယ်
ဘယ်တော့မှလဲ မယုံကြည်ခဲ့ရဘူး .. ။

နင် ငါ့ကိုရှာဖွေတွေ့ရှိချိန်မှာတော့
ဒီ .. အမှားအယွင်းတွေအတွက် ဖြေရှင်းဖို့ သင်ခန်းစာတစ်ခု
နင်သင်ကြားပေးခဲ့တယ် ..
နှလုံးသားနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့
ထူးဆန်းတဲ့ အချစ်အကြောင်းပေါ့ .. ။

Inline image 2  

ချစ်သူအတွက်..

ချစ်သူ.....မင်းအတွက်ဆိုရင်
ကြယ်စင်တွေကို ဒန်းစီးကြိုးလုပ်ပြီး
လမင်းကို ပခက်အိမ်အဖြစ်ဖန်တီးပေးချင်တယ်
တစ်ခါတစ်ရံပေါ့နော်..နပိုလီယံရဲ့  ဆံပင်ကောက်ကောက်တွေကို
ခေါက်ဆွဲအဖြစ်ပြင်ဆင်ပြီး ဟစ်တလာရဲ့ နှုတ်ခမ်းမွှေးကို
နံနံမိတ်အဖြစ် ကမ္ဘာ့ အကျော်ကြားဆုံး အစားအစာ ပြင်ဆင်ပေးချင်တယ်
ဗန်ဂိုးရဲ့  ချစ်သူအတွက်ဖြတ်ခဲ့ တဲ့ နားရွက်တစ်ဖက်ကို
မင်းစိတ်မဝင်စားနဲ့ ချစ်သူ၊ ငါတို့ အတွက် အစားအစာတစ်ခုလောက်တောင်
အသုံးမဝင်ဘူး....
မင်းနဲ့ ငါတွေ့ ဆုံမှုကို မာတီနာဟင်းဂစ်၇ဲ့  ပေါင်ဖြူဖြူတွေထက်
သတိရတယ် ချစ်သူ
ချားဒါဝင်ရဲ့ လူအဖြစ်ဆင်းသက်မှုကို မလေ့လာနဲ့ ချစ်သူ
မင်းနဲ့ ငါ မျောက်မျိုးရိုးတွေဖြစ်ကုန်မယ်
ပစိဖိတ်သမုဒ္ဒရာကို မင်းအတွက်ရေကူးကန်အဖြစ်
ဖန်တီးဖို့  အယ်ဒီဆင်ကိုရှာဖွေနေဆဲပါ
ဘင်လာဒင်ရဲ့  WTC အဆောက်အုံဖောက်ခွဲမှုကိုအားကျပြီး
ငါ့နှလုံးသားကို မဖောက်ခွဲလိုက်ပါနဲ့ ချစ်သူ
ငါ့နှလုံးသားအတွက် အိုဗားမားက တာဝန်မယူပေးနိုင်လို့ ပါ
ဘရစ်တနီစပီးယားရဲ့  ချက်ပေါ်အင်္ကျီတစ်ထည်ကို
မင်းလိုချင်တယ်ဆိုရင် ရည်းစားစကားလိုက်ပြောဖို့ 
ငါဝန်မလေးပါဘူး(မင်းအတွက်နော်...ချစ်သူလေး)
မာရီလင်မွန်ဂိုးရဲ့ အလှအပကို
မင်း၇ဲ့ ဆံချည်မျှင်တစ်ရွေးသားမျှတောင်
ငါမလဲပါရစေနဲ့ ချစ်သူ
တိမ်စိုင်တွေကိုပေါင်မုန့် နဲ့ ညှပ်စားဖို့ 
နေ့တစ်နေ့ ငါစဥ်းစားထားတယ် ချစ်သူ
အဲဒီနေ့ဟာ မင်းကိုငါမေ့မယ့်နေ့ ပေါ့...........

Saturday, August 25, 2012

CUSTOM MESSAGE အလန်းလေးများ

♥♥♥ အချစ်တစ်မျိုးရှိတယ်... အနာဂတ်အတွက်မရေရာပေမယ့် အဲဒီအချစ်အတွက် ပေးလိုက်တဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး....♥♥♥
!!! အချစ်ဆိုတာ အသစ်မလာခင်ထိပဲရူးသွပ်တာပါ အသစ်လာတော့ မင်းကရယ်စရာပေါ့ မာနကြီးမနေနဲ့ ငါအသစ်မတွေ့သေးလို့ သည်းခံနေတာ..... !!!
/// လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင် ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့ ///
♥♥♥ ကဗျာဆန်ဆန် တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့ ၀တ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တယ် နှလုံးသားကို ငုံကြည့်လိုက်တော့
အံသြစရာကောင်းစွာပဲ နှလုံးသားကလည်း ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတယ် ♥♥♥
ဆေးလိပ်နေ့တိုင်းသောက်ကြည့်ပါ..... ပုံမှန်ထက်၃နှစ်စောသေမယ်။
အရက်နေ့ တိုင်းသောက်ကြည့်ပါ .....................ပုံမှန်ထက်၁၀နှစ် စောသေမယ်။
လူ၁ယောက်ကိုအချစ်စစ်နဲ့ ချစ်ကြည့်ပါ.................သင်နေ့ တိုင်းသေလိမ့်မယ်။
အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?
NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?
COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?
နေစမ်းပါ....LOVER လုပ်မယ့်အစားGAMER ပဲ လုပ်တော့မယ်........။
အချို့က ချစ်လျက်နဲ့ ကွဲကြတယ်... ဒါပေမယ့်.... မုသားတွေပါတယ် ...။
အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်... ဒါပေမယ့်.... မာနတွေပါတယ် ....။
အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်... ဒါပေမယ့်.... အချစ်ဆိုတာပါတယ် ...။
ငါနင့်ကို၂ပြားမတန်အောင်ပြောမိတာအတွက် ငါတောင်းပန်ပါတယ်ဟာ ငါသေချာစဉ်းစားမှပဲ နင်ကတစ်ပြားမှကိုမတန်တာ သိတော့တယ်....
"ဇ" ရှိတယ်နော်..... ထမင်းစားရင် ဇွန်းနဲ့ ဇလုံနဲ့ အီးပါရင် ဇောက်ထိုး... မော်ဒယ်ဆိုရင် ဇူဇူးမောင်နဲ့ ဇင်ဇင်ဇော်မြင့် အဆိုတော်ဆို ဇမ်နူး လူသတ်ရင် "ဇွတ် ဇွက် ဇွိ" သုံးချက်ပဲ......
မင်းမှာမကောင်းတာနှစ်ခုပဲ ရှိတယ် ရုပ်ရည်လေးနဲ့ $ကျင့်လေး ...
မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...
ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး...
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး...
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး...
လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ...
မြွေကြီးလို့သာ နဂါးဖြစ်လာတာ၊ ထောင်ပြစရာ အမောက်ကမရှိဘူး။
လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ၊ ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။
ချစ်လို့သာရည်းစားဖြစ်နေတာ အမြဲတွေ့ရတယ်ကိုမရှိဘူး။
ဟိတ် ~ ဟိုကောင်လေး ခုချက်ချင်းရပ်စမ်း!! အမယ် ~ ငါ့အသည်းကိုများ ဓားနဲ့လှီးဆော့နေသေးတယ် …. နာတော့မယ်~!! အောင်မာ .. ဘုရှိုးလာရှိုးမနေနဲ့!!! နင့်လက်ဓားရှမှာစိုးလို့ တားနေတာ
နာမည်မေးခါနီးရင် Connection က ကျပြီ….လိမ်စာမေးခါနီးရင် Connection က ကျပြီ….ဖုန်းနံပါတ်လေးပြောခါနီးရင် Connection က ကျပြီ …နင် တနေ့ဝဋ်လည်မယ် Connection….ဟင်းးး :(
ငါချစ်လို့ နင်စိတ်ညစ်မယ်ဆို.. နင်မသိအောင်ငါချစ်မှာပေါ့ … မုန်းဖို့တော့မခိုင်းနဲ့လေ……… မေ့ဖို့ဆို ပိုဝေးတယ် …… စဉ်းစားကြည့်ပါလား…. ဘယ်တရားမလဲ.. ငါ့လဲငါ့ခံစားချက်နဲ့ငါပဲဟာ
♥ ♥ငါ ချစ်သလောက် မချစ်လဲ နေပါ♥ ♥
♥ ♥ငါ လွမ်းသလောက် မလွမ်းလဲ ရပါတယ် ♥ ♥
♥ ♥မင်း ထားခဲ့ မယ် ဆိုလဲ ငါကျေနပ်ပါတယ် ♥ ♥
♥ ♥ဒါပေမယ့် တိုက်ဆိုင် မှုလေး တွေ၇ှိ၇င်တော့ သတိ၇ပေးပါဟာ♥ ♥
ဓါးလဲသွေးပေးထားတယ်။
ရင်လဲခွဲပေးထားတယ်။
ဆားနဲ့လဲပက်သွားသေးတယ်။
ဒါတောင်နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့အသင့်ပါပဲ။
နောက်ကျောကို ဓားနဲ့ မထိုးပါနဲ့ ..
ငါရှေ့ ကိုလှည့်ပေးပါ့မယ်..
ဒါပေမယ့် ရင်ဘတ်ရဲ့ ဘယ်ဘက်ကိုတော့
မထိုးမိစေနဲ့ အဲဒီမှာ မင်းရှိတယ်.. ..
ဂရုစိုက်ရင် လက်ကလေး ဓါးရှသွားမှာတောင် စိုးရိမ်ရင် စိုးရိမ်မယ် ဂရုမစိုက်တော့ရင်တော့ ငါ့ရှေ့မှာ နင့်ကိုယ်နင် ဓါးနဲ့ ထိုးပြီး သေမယ်ဆိုရင်တောင် လှည့်မကြည့်ဘူး...
ဘာ...အချစ်ကနင်ဆော့နေတဲ့Gameလောက် တန်ဖိုးမရှိဘူး..ဟုတ်လား???
Hak! ~သေလိုက်လေ ..
အချစ်က 1500 နင်ဆော့နေတဲ့Game က တစ်နာရီ 300 တခြားစီဘဲ ~~~~
ငါ့နှလုံးသားက ရယ်နေတဲ့ ငါ့နှုတ်ခမ်းကိုပြောတယ် သူလဲပျော်ချင်တယ်တဲ့ ....
အဲဒီတော့ မျက်ရည်လည်နေတဲ့ ....
ငါ့မျက်ဝန်းက ငါ့နှလုံးသားကို ပြန်နှစ်သိမ့်တယ် ......
သူလဲဟန်ဆောင်နေတာပါကွာတဲ့ ...
ခံစာချက်တွေကိုဖွင့်ပြောနေလို့လည်း.......မင်းသိမှာမို့လား.......
ငါရင်တွေကွဲသွားတော့လည်း............မင်းသိမှာမို့လား...........
ဟန်မဆောင်တန်းပြော၇ရင်........
မင်းမှာစာနာနားလည်တတ်တဲ့...........
နှလုံးသားမှမရှိတာ.............ဟုတ်တယ်မလား
ချစ်သူ................
ဘဲလား မနေ့ကပဲဆုံးတယ်....ဟင် ရည်းစား ဟုတ်လား...
မနက်ဖြန်ရက်လည်လေ...ချစ်သူကိုတော့မမေးနဲ့....
သူများတွေလုမှာစိုးလို့...ရေခဲတိုက်ထဲမှာ...လုံလုံခြုံခြုံထားထားတယ်... :D
**ငါနင့်ကို မမေ့ပါဖူး.. နင့်စိတ်ထဲ ငါမရှိတော့လို့ ငါနင့်ကို
အေးစက်သွားတာ…. ငါနင့်ကို မမုန်းပါဖူး… နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ….***
နှုတ်ဖျားက မထွက်လေတိုင်း......မပြောဘူးမမှတ်ပါနဲ့ ။ ...
ငါ့ မျက်လုံးက အဓိပ္ပါယ်ထောင်သောင်းမက ရှိနေတာကို…..မင်း စာလုံးပေါင်းကြည့်စမ်းပါ..
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်နေဖို. ခက်ခဲတာပါ.....
အပေါဆုံးကပိုက်ဆံပဲ မွေးရာပါအားနည်းချက်ရုပ်ချောတာ စိတ်ညစ်ရတဲ့အထဲမှာလေးစားမှုတွေအရမ်းရနေတာလည်းပါတယ် ဘာလုပ်လုပ်အောင်မြင်နေတော့ တခါတလေလည်း လေတာပေါ့...
“ငါဟာ” …နင့်ရဲ့မျက်ရည်တစ်စက်ဆိုရင် နင်နှုတ်ခမ်းထက် ငါကြွေကျပြီး နင့်နှလုံးသားထဲထိ စီးဆင်းမယ်။ နင့်သာ ငါရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် ငါမငိုတော့ဘူး။ နင့်ကို ဆုံးရှုံးမှာစိုးလို့ပါ..
ငါက နင်ပြုံးနေရင်!!~ ကျေနပ်သူ နင်ငိုနေရင်~~!အနေခက်သူ! !!နင့်ကိုမတွေရရင်!!မနေတတ်သူ~~ ~~နင်လိုသမျှ ~~ပေးဆပ်ချင်သူ ~~နင်မှားသမျှလည်း ~~မငြိုငြင်တတ်သူ~~!! နင့်ကို!! ဒီလို !!ရူးသွပ်သူ!!<~~ !_! ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥ ငါ့အသည်းက အက်နေတာ.နော်.. နင်လိုချင်ရင်..အနည်းဆုံးတော့. ပတ်တီးမဟုတ်ရင်တောင်… ပလာစတာလေး တော့ ယူခဲ့ဟာ…. လောလောဆယ် ကိုင်လို.ကို မရတာ.. .. ထိတာနဲ့ ကွဲမှာဆိုးလို. ငါတောင်.. ဂျောင်ထိုးထားရတယ်.. ။။ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လို့ မင်း ကိုမတွေ့တဲ့အခါ.... အချိန်နာရီ တွေကိုမုန်းတယ် နေရာဒေသ တွေကိုမုန်းတယ် ကိုယ့်ကိုကိုယ် လဲမုန်းတယ် မင်းနဲ့ဝေးလွန်းလို့.... မင်းကုသလို့ရုပ်ဆိုးပေမယ့် ဒဿဂီရိလိုအချစ်နဲ့ပါဟာ ရက်စက်ဖို့တော့မစဉ်းစားနဲ့နော် ငါ့အငြိုးကစူဠသုဘဒ္ဒါထက်ကြီးတယ်.... ငါကဧ၀မဟုတ်လို့အာဒမ်မုန်းမှာမကြောက်ဘူး... ငါကဂျူးလိယက်မဟုတ်လို့ရိုမီယိုမုန်းမှာမကြောက်ဘူး... ဒါပေမယ့်... ငါကငါဖြစ်နေတော့နင်မုန်းပြီးမေ့သွားမှာကြောက်တယ်... ငါကနင့်ရဲ့........... ပထမလူပဲဖြစ်ဖြစ် ဒုတိယလူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး...... ငါဖြစ်ချင်တာက နင်ရင်ထဲက ထာဝရလူပဲဖြစ်ချင်တာပါ...... ☆¸.•°*”နင့်ကိုလွမ်းရလွန်းလို့ အလွမ်းတွေကိုတောင်ငါချစ်တက်နေပြီ.... နင့်ကိုစောင့်ရလွန်းလို့အထီးကျန်ခြင်းကိုငါနှစ်သက်နေပြီ..... နင့်ကိုနားလည်ပေးရလွန်းလို့ ငါ့ကိုယ်ငါနားမလည်နိုင်တော့ဘူး...... နင့်ကိုချစ်တက်လွန်းလို့ငါ့ကိုယ်ငါမုန်းမိနေပြီ˜˜”*°•. ☆ တောင်းနေရင် မပေးချင်ဘူး ပေးနေရင် မယူချင်ဘူး လိုက်နေရင် ပြေးချင်တယ် ရှိနေရင် တန်ဖိုးမထားဘူး အရှုံးပေးပါများရင် အရူးးဖြစ်တယ် အဲဒါအချစ်လား ????? ငါ့မှာဖျောက်ဖျက်မရတဲ့အကျင့် တွေအများကြီးရှိတယ်... ငါနင့်ကိုသိပ်ချစ်တာရယ်.... ငါနင့်ကိုအရမ်းလွမ်းတာရယ်.... ငါနင့်ကိုသ၀န်တိုတာရယ်ပဲ..... ၃၀၀ ပေးပြီး dota ခုတ်ရင်တောင် ၁ နာရီပျော်ရသေးတယ်..... ငါ့ နှလုံးသားတစ်ခုလုံးပေးပြီး နင့်ကိုချစ်ရတာ တစ်မိနစ်တောင်မပျော်ရပါလား.... (^~^) တစ်နေ့တစ်နေ့ လွမ်းလို့ သတိရလို့ နေတယ်.... တစ်ချက်တစ်ချက် မင်းကိုလွမ်းလို့ ငါမျက်ရည်ကျမိတယ်.... တစ်ခါတစ်ခါ မင်းအနားကို ငါအပြေးသွားလိုက်ချင်တယ်.... တစ်ညတစ်ည မင်းကိုသတိရလို့ ငါအိမ်မက်တွေက လန့်လန့်နိုးရတယ်.... သိပ်ပြီးမာန်တက်မနေနဲ့ ငါနင့်ကိုချစ်နေလို့ ငါ့အတွက်နင်က 1500တန်နေတာ ငါနင့်ကိုမုန်းတဲ့နေ့ နင်က 15 ကျပ်တောင်တန်မှာမဟုတ်ဘူး ပိုးစိုးပက်စက်ချစ်သည်၊ ပက်ပက်စက်စက်ချစ်သည်၊ သောက်ကျိုးနည်းချစ်သည်၊ မှောက်ထိုးလဲချစ်သည်၊ အသံမြည်အောင်ချစ်သည်၊ ထိုမျှထိခြစ်သော်လည်း မင်မထွက်သော ဘောပင်အား လွှင့်ပစ်ရန်သာ သင့်တော့သည် !!! ငါအရွဲ့တိုက်တတ်တာ နင်သိတယ်… ငါစိတ်ကောက်တတ်တာ နင်သိတယ် … ငါဝမ်းနည်းတတ်တာ နင်သိတယ် … ငါရစ်တတ်တာ နင်သိတယ်… ငါနင့်ကို အရမ်းချစ်တာ နင်ဘာလို့မသိရတာလဲ... မျောက် သုံးကောင်ရှိကြသတဲ့။ ပထမ တစ်ကောင်က ငှက်ပျောသီး စားနေလေရဲ့။ ဒုတိယ တစ်ကောင်ကတော့ သစ်ပင်တွေပေါ်မှာ ဟိုကူး ဒီကူးနဲ့ ကစားနေ၏ တဲ့.... တတိယ တစ်ကောင်ကတော့ ဒီစာကို ဖတ်နေပါကြောင်း....:P တယ်လီဖုန်းတွေမှာ ကြိုးမပါတော့ဘူး။ ကင်မရာမှာ ဖလင်မပါတော့ဘူး။ Computer တွေမှာ floppy မပါတော့ဘူး။ လူတွေမှာ အကြင်နာတရား မပါတော့ဘူး။ စကားလုံးတွေမှာ အမှန်မပါတော့ဘူး။ သင့်ကြောင့် ကျွန်ုပ် စိတ်မညစ်ပါစေနှင့်။ ကျွန်ုပ်ကြောင့် စိတ်ညစ်ရင်တော့ သီးခံ :D တကယ်တော့ အထီးကျန်ခြင်းဆိုတာ ရှိစေချင်သူနဲ့ အတူတကွ ရှိမနေခြင်း ပဲ ဖြစ်သည်... ကိုယ့်ဘာသာ ယ နဲ့ ယူနေတာကို ဆ နဲ့ လာဆူတော့ ဘ နဲ့ ဘယ်လိုနေရမှန်း သိတော့ဘူး... လွမ်းတယ်ချည်းပဲ ပြောနေရတာ ပျင်းလာပြီ...။ တခါတလေ မလွမ်းဘူးလို့ပြောပြီး ကျောချင်းကပ် နေကြည့်ရအောင်...။ မျက်ရည်တစ်ပေါက်ကြရင် အနမ်းတစ်ပွင့်ပေးကြေးပေါ့...။ ငါမငိုဘူး .. ♣ ..မျက်ရည်တော့ကျဖြစ်တယ် ....... ငါအသဲမကွဲဘူး .. ♣ ..ရင်ထဲမှာတော့အောင့်သက်သက်......ငါမရှုံးဘူး .. ♣ ..ခေါင်းငိုက်စိုက်တော့ဖြစ်နေတယ် .......ငါမလွမ်းဘူး .. ♣ .. ဖွဖွလေးတော့သတိရမိတယ် ငါ့ ရင်ခွင်မှာ နင့်အတွက် အမုန်းဆိုတာမရှိခဲ့ပါဘူး..........နင်သိထားပါ...နင်ဟာငါ့အတွက် ပထမဆုံးသူ မဟုတ်ခဲ့ပေမဲ့ နောက်ဆုံးသူပဲ ဆိုတာ.............I l✏\/e yϧu♥ စွန်.လွတ်ရတာများလို.လားမသိဘူး.......ပိုင်ဆိုင်တယ်ဆိုတာတောင်..................ဝေေ၀၀ါးဝါးနဲ......ငါကျွမ်းကျင်တဲ့........အတတ်ပညာဆိုလို.........ပေးဆပ်တာတစ်ခုပဲရှိတော့တယ် ယုံအောင်လဲပြောတတ်တယ် လွမ်းအောင်လဲချွဲတတ်တယ် ချစ်အောင်လဲကြူတတ်တယ် ပျော်အောင်လဲထားတတ်တယ် ငိုအောင်လဲစတတ်တယ် ငါ့ကို....သစ္စာဖောက်ရင်တော့ သေအောင်လဲ....သတ်တတ်တယ်.... ဘာ အချစ်!!!!!!!!ဟုတ်လား????? အချစ်ကိုလိုက်ရှာနေတာလား.. ဒါဆိုရင် စိတ်တော့မကောင်းဘူး ခုနကလေးတင်လွှတ်ပစ်လိုက်ပြီ လိုချင်ရင်သွားကောက်လိုက် ဟိုရှေ့ က အမှိုက်ပုံထဲမှာ ရှိချင်ရှိဦးမှာ ဘ၀င်သိပ်မြင့်မနေနဲ့..မင်းမှမဟုတ်ဘူး....ဘယ်တော့မှမနစ်မြုပ်ပါဘူးဆိုတဲ့တိုက်တန်းနစ်တောင်...ရင်ကွဲသွားတယ်... ကံကြမ္မာဆိုတာ...မြေပုံညွှန်းပေးထားတာမဟုတ်ဘူး...ပေါက်တယ်နော်.. အမိုက်မဲဆုံးလူ ၂ ယောက်ရှိတယ် တစ်ယောက်က ဆူဠလိပ်ကို ရေထဲလွှတ်တဲ့ အမတ်ကြီးရယ် နောက်တစ်ယောက်က နင့်ကိုချစ်နေမိတဲ့ ငါရယ်။။ မင်းအတွက် တော့ငါနေရာ မှာ အစား ထိုးတာလွယ်ပေမယ့် ငါအတွက်တော့မင်းနေရာမှာ မင်းတယောက်ထဲ မြဲနေတယ် အသဲဆိုတာ1ခါကွဲပြီးရင်နာသွားတယ် နာတဲ့အတွက်ရောင်သွားတယ် ရောင်တဲ့အတွက်အသဲကကြီးသွားတယ် ကြီးတဲ့အတွက်နောက်1ယောက်ပိုဆန့်သွားတယ်!!!!! မနေ့က နင် online မလာဘူးနော် ငါ့စိတ်ထဲမှာတစ်မျိုးကြီးပဲ ငါထင်တာကနင်သေသွားပြီလားလို့ ငါ့မှာဖြင့် ပျော်လိုက်ရတာ.... ဟင့်...အခုတော့ နင်ကဘာမှမဖြစ်ဘူးတဲ့........ မအားပါ..ဘယ်သူကိုမှပြန်မချက်ပါ..အကယ်ရ်ျသင့်ကိုပြန်ချက်လျှင်VIP ဟုသတ်မှတ်ပါ.. VIP=very ignore person..VIP=နလိန်ပိန်းတုံး.. ဘာ........!!!!!! အမုန်းတွေမရှိတဲ့ နယ်မြေသစ်ကို တို့နှစ်ယောက် အတူသွားချင်တယ်။ ဟုတ်လား ????? အဲဒီမှာ...အမုန်းတင်မကဘူး အဲဒီမှာ စားစရာလဲ မရှိ သောက်စရာလဲမရှိဘူးဟဲ့.... သွားချင်ရင်နင်ပဲသွား ...... :P ဟုတ်ပါတယ်.....ငါကအစွဲအလမ်းကြီးတဲ့သူပါ.. မဖြစ်နိုင်လောက်တော့ဘူးဆိုတာ သိပေမယ့် မျှော်လင့်ချက် အလင်းရောင် နည်းနည်းလေးနဲ့ ရှင်သန်နေရတာပါ..... ♥♥ မင်းအတွက်အလိုအပ်ဆုံးအရာဟာ ငါမဟုတ်တော.ဘူးဆိုရင် ငါ့အတွက်အလိုအပ်ဆုံးအရာဟာနင်ကျေနပ်သွားဖို့တစ်ခုတည်းပါ ♥♥ ကြာရှည်စွာစိတ်ဓာတ်အလွန်အမင်း ကျဆင်းမှုဟာ အဆိပ်မလိုသော သေဆေးဖြစ်သည်... မဟားဒယား busy…..ပိုးစိုးပက်စက် busy….. သေလုမျောပါး busy….. အသည်းအသန် busy….. သေအံ့မူးမူး busy….. တကယ့် တကယ် busy….. အမှန်အကန် busy….. လုံးဝလုံးဝ busy….. ပစ်စလက်ခတ် busy….. အုံး⁠အုံးကြပ်ကြပ်busy….. သေမလိုလို busy….. နေတယ်လို့ request လုပ်ထားမယ်နော်….. ဘာ!!!ငါ့ကိုအပျော်တွဲတာဟုတ်လားးတောက်..ငါ့မှာတော့အတည်ထင်ပီးဘယ်လိုပတ်ပြေးရင်ကောင်းမလဲလို့ စဉ်းစားလိုက်ရတာမောနေတာပဲ..စောစောကပြောပါလားအစုတ်ပလုပ်လေးရဲ့…:P နေခဲ့တော့လို့..တစ်ခွန်းပဲပြောလိုက်..လှည့်မကြည့်တော့မယ့်နင့်ကို…မျှော်မကြည့်မိအောင်. မာနနဲ့တစ်ထပ်တည်းကျတဲ့အချစ်တစ်ခုနဲ့ငါ့ရဲ့နှလုံးသားကိုထုတ်ပိုးပြင်ဆင်ထားလိုက်တော့မယ်... နှုတ်ခမ်းဆိုတာလိမ်ညာဖို့နေရာ…မျက်လုံးဆိုတာဝန်ခံဖို့နေရာ… ငါ့နှုတ်ခမ်းကပြုံးနေတဲ့အခါ..ငါ့မျက်လုံးကိုဆက်မကြည့်ပါနဲ့… ♥♥♥ မတွေ့ဘဲနေနိုင်ပေမယ့် မလွမ်းဘဲမနေနိုင်ခဲ့ပါဘူး မသိချင်ယောင်ဆောင်နေခဲ့ပေမယ့် သတိမရဘဲမနေနိုင်ခဲ့ပါဘူး လူတစ်ယောက်ကိုချစ်ရတာပင်ပန်းပေမယ့် မမုန်းနိုင်ခဲ့ပါဘူး ♥♥♥ ဘ၀က မခမ်းနားပါဘူး.... ဒါပေမဲ့.... လိပ်ပြာသန့်  အောင်တော့... အသက်ရှင်တယ်.... အချစ်ကလဲ မခမ်းနားပါဘူး....ဒါပေမယ့် မုသားကင်းတဲ့ အချစ်ဖြစ်အောင်နေတယ် နင့်ကိုချစ်နေရရင်ကျေနပ်ပါတယ်... ငါ့ရင်ထဲမှာနင့်ကြောင့် နာကျင်နေရရင်တောင်... နင့်ရှေ့ကျပြုံးနိုင်အောင်ကြိုးစားမှာပါ.. နင်တစ်ယောက်တည်း င့ါအချစ်တွေကို.... အပိုင်သိမ်းထားလို့ ဘယ်ဖြစ်မလဲ နင်ရှေ့ကစီနီယာတွေကို ကျော်တက်ရဲလို့လား..... ငယ်ပါသေးတယ်.... ခလေးရယ် ပုခက်ထဲပြန် အိပ်နေလိုက်ဦး...အလှည့်ရောက်ရင်နှိုးမယ်.... ချစ်သူရေ... မင်းနာမည်ကို သဲသောင်ပြင်ပေါ်မှာ ငါရေးခဲ့တယ်။ ဒါပေမယ့် ရေတွေက အဲဒီနာမည်ကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်းနာမည်ကို လေထဲမှာ ငါရေးခဲ့တယ်။ ဒါပေမယ့် လေနဲ့အတူ အဝေးကို လွင့်ပါပျောက်ကွယ်သွားခဲ့ရတယ်။ အဲဒါကြောင့်... မင်းနာမည်ကို ငါ့အသည်းနှလုံးမှာ ရေးထိုးလိုက်တယ်။ အခု ငါနှလုံးရောဂါရနေပြီလေ ... ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ် နင်ကတစ်ခုခုဆို..ငါ့ကြောင့်..ငါ့ကြောင့်ဆိုပီး..အပြစ်တင်တက်ပေမဲ့..ငါကတစ်ခုခုဆို.. နင့်အတွက်..နင့်အတွက်..ဆိုတာကိုစဉ်းစားရင်းနဲ့..ငါ့အတွက်ဆိုတာကိုပါမေ့သွားတက်တယ်…. ပန်းပေးရင်..အလှမ်းဝေးတယ်တဲ့..ဒါဆိုငါမုန့်ဖိုးလေးတွေစုပီးးပြင်ဦးလွင်က အမျိုးသားကန်တော်ကြီးပန်းခြံကိုနင့်အတွက်ဝယ်ပေးမယ်…ဘ၀ဆက်တိုင်းဝေးရပါစေဟာ :P နင့်ကိုသတိရတိုင်းသာ..ကြယ်တစ်ပွင့်ကြွေကျမြေခ ရမယ်ဆိုရင်..လမင်းကြီးအထီးကျန်သွားမှာပေါ့ လမ်းခွဲပီးရင်သူငယ်ချင်းလုပ်လို့မရဘူးးဘာလို့လဲဆိုတော့တစ်ယောက်ကိုတစ်ယောက်နာကျင်မှုတွေပေးထားလို့.. ရန်သူတွေလဲမဖြစ်နိုင်ဘူးးဘာလို့လဲဆိုတော့..နင့်ကိုသိပ်ချစ်ခဲ့လို့ပေါ့…. အချစ်ဆိုတာမိုးဖွဲလေးတစ်ခုလိုပဲ…ရွာနေချိန်မှာသတိမထားမိပေမဲ့...သိလိုက်ရချိန်မှာတော့တစ်ကိုယ်လုံးရွဲရွဲစိုနေခဲ့ပြီ ကြယ်ကြွေတယ်ဆိုတာ..မြင်တဲ့သူကသာကြည့်လို့လှတာပါ.. ကြွေသူရင်ထဲဘယ်လောက်ထိခံစားရလဲဆိုတာ..ကြယ်လေးပဲသိတာပါ... အချစ်တွေမဦးခဲ့ပေမယ့်..အချစ်ဆုံးတော့ဖြစ်ချင်မိတယ်... သူ့ရင်ထဲကနေရာ..ခိုနားဖူးသူရှိခဲ့မှန်းသိလဲ.. ငါဟာ..နောက်ဆုံးနဲ့..အမြဲနေသွားရမယ့်သူဖြစ်ရင်ပဲကျေနပ်ပါတယ်..... လမ်းခွဲကြတော့မလားးဒါဆိုရင်တော့Bye Bye.. နှစ်သိမ့်ဖို့ဆိုရင်တော့ no need.. ပြန်လာမယ်ဆို၇င်တော့sorryပဲ.. သက်ရောက်မှုတိုင်းမှာ..တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်.. ငါလဲနင့်လိုပဲမာနကြီးတယ်ဆိုတာ..မမေ့နဲ့....... လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။ ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။ ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။ ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့.. လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ" ♙♙♙♙♙♙♙♙ ╗════════╔ ║▀▄▀▄▀▄▀▄║ ║▀▄▀▄▀▄▀▄║ ║▀▄▀▄▀▄▀▄║ ║▀▄▀▄▀▄▀▄║ ╝════════╚ ♟♟♟♟♟♟♟♟ကျပ်မပြည့်ဘဲ အကွက်မရွှေ့နဲ့ အထာကျမှဆရာပြ ကလေးအထာနဲ့တော့ လာမရောနဲ့ နားထား လူတစ်ယောက်ကို နှစ်သက်တာ အနားရှိနေမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲ ရှိနေပါစေ မေတ္တာသာစစ်ခဲ့ရင် နင်ဟာ ငါရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ...အမြဲထာဝရ မပြောင်းလဲပဲ ရှိနေမှာပါ..... တစ်ကြိမ်တစ်ခါတွန့်ကြေခဲ့တဲ့စာရွက် တစ်ရွက်ကိုဘယ်သောအခါမှကောင်း အတိုင်းပြန်ဖြန့်လို့မရတော့သလို... ယုံကြည်မှုဆိုတာလဲတစ်ကြိမ်တစ်ခါ ဆုံးရှုံးခဲ့ရင်အရင်လိုပြန်မရနိုင်တော့ပါ... * ရည်းစားဟောင်းကို အသစ်လေးတွေနဲ့တွေ့ ရင် ပီတိဖြစ်မိတယ်.. ..ငယ်* တုန်းက လူကြီးတွေက သင်ထားတယ်လေ... ကိုယ်ဆော့လို့ ဝသွားတဲ့အရုပ်တွေဆိုရင် နွမ်းပါးတဲ့သူတွေကိုလှူရတယ်တဲ့.* ငါလည်းဆော့ရတာရိုးသွားလို့နင့်ကိုလှူလိုက်တာ အရုပ်လေးကတန်ဖိုးရှိတယ်ဟ ..ကောင်းကောင်းဆော့နော်.. hak hak ! တခါတရံ ကိုယ့်ဖက်က အချစ်လို့မြင်ပေမယ့် သူ့ဖက်က ကြည့်ရင် ကိုယ့်အချစ်ဟာ သူ့အတွက် ကျိန်စာတစ်ခုလည်းဖြစ်နိုင်တယ် --- ငါနင့်ကိုတစ်ကယ်ချစ်ခဲ့တယ်ဆိုတာ♥♥♥သိတဲ့တစ်နေကျရင်♥♥♥ ငါ့အချစ်တွေကို တန်းဘိုးထားပေးပါ♥♥♥ ငါလည်းပဲ ... နင့်ရင်ထဲမှာရှိတာ ငါမဟုတ်မှန်း သိတဲ့တစ်နေကျရင်....ချစ်လျှက်နဲ့နောက်ဆုတ်ပေးဖို့  အဆင်သင့်ပါပဲ ချစ်သူ !! ကိုယ့်ကိုမချစ်တော့တဲ့သူတယောက်ကို . .ရင်ထဲမှာ စွဲစွဲမြဲမြဲ နေရာပေးထားမယ့်အစား ပိုးထိုးနေတဲ့သစ်ကိုင်းခြောက်တခုလို ချိုးချ ရဲတဲ့ သတ္တိရှိရမယ်။ အဲလိုသတ္တိမရှိရင် တဘ၀လုံးအတွက်ခံစားနေရလိမ့်မယ် .. ငါအရမ်းလွမ်းတယ် ဒါပေမဲ့နင့်ကိုဘယ်တော့မှ တွေ့ဖို့မကြိုးစားဘူး အရမ်းချစ်တယ် ဒါပေမဲ့နင်သိအောင်မပြောပြတော့ဘူး ငါ့အချစ်ကလွယ်လွန်းလို့လားမသိဘူး နင်လုံးဝတန်ဖိုးမထားဘူး ငါအဲ့ဒါကိုရင်အနာဆုံးပဲ.... ~~~~ ~~~ အကယ်၍ ငါ့ဘဝ မှာ 999ခါ ကံကောင်းတဲ့အခွင့်အရေးရှိခဲ့ ရင်နင့်ကို 997ခါ နင့်ကိုငါခွဲပေးမယ် 。နှစ်ခါ တော့ငါ့အတွက်ချန်ထားမယ် ပထမအခါက နင်နဲ့တွေ့ဆုံရ အောင်လို့ ဒုတိယအခါက နင်နဲ့အတူထာဝရလက်တွဲရအောင်လို့ ပါ 。。。 如果这一生我可以有999次好运,我愿意把997次都分给你,只留两次给自己:一次是遇见你,一次是永远陪你走! If I can have 999 times good luck, I would 997 times give you, just stay to myself twice: once to meet you and to be with you forever. ~~~ လူတစ်ယောက်ကို ချစ်တဲ့အခါ........ သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့ သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။ နှစ်ဦးသဘောတူလမ်းခွဲတာက ရွေးချယ်မှုပါ နှစ်ဦးသဘောမတူပဲ လမ်းခွဲရတာကတော့ ကံကြမ္မာဖြစ်ပြီး တစ်ဦးသဘောနဲ. လမ်းခွဲတာကတော့ ရက်စက်ခြင်းပဲဖြစ်လိမ့်မယ် !!!!! တစ်ယောက်ထဲနေတဲ့အခါ တစ်ယောက်ထဲနေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်နုတ်ထွက်တတ်အောင် သင်ယူပါတယ်။ “ ဘ၀မှာ အခက်အခဲဆုံးအရာ တစ်ခုက ကိုယ်ချစ်နေတဲ့သူ က -- တပါးသူအပေါ်ကို ချစ်နေတာကို ကြည့်နေရခြင်းပဲ ” တစ်ချိန်ချိန်မှာ အချစ်စစ်ဆိုတာသေချာခဲ့ပြီးတော့ မင်းသိပ်ချစ်တဲ့ချစ်သူကို "အရမ်းချစ်တယ်"လို့ဝန်ခံမိတဲ့အခါ တစ်ခါက..မင်းအရမ်းချစ်တယ်လို့ လိမ်ညာခဲ့ဖူးတဲ့ငါ့ကို သတိရပေးပါ ... အရမ်းခြစ်တတ်သူများ၊ အခြစ်ကျွမ်းကျင်သူများ အလိုရှိသည်။ လစာကောင်းကောင်းပေးမည်။ (အပြည်ပြည်ဆိုင်ရာ အုန်းသီးခြစ်လုပ်ငန်း) :ha အချစ်ဆိုတာဘာလဲလို့ လာမမေးနဲ့ ငါ့အဘိဓာန်မှာ အဲဒီစာလုံးပျက်နေလို့ ငါကိုယ်တိုင်တောင် ဖတ်မရခဲ့တာကြာပေါ့.....။ ပျင်းလွန်းလို့ ချက်တင်ထိုင်နေတာ... စိတ်ညစ်စရာတွေ လာမပြောနဲ့..... Q ချင်ရင် ဒဲ့သာ Q... အပျင်းပြေမယ်ထင်ရင် ပြန်ကျူမယ် :)) စောင့်နေတဲ့လူက မလာဘူး ပြောနေတဲ့လူက နှာဘူး ပြောသမျှကလည်း အာလူး အရပ်ကတို့ ကယ်ကြပါဦး ... ကြွေကျသွားတဲ.ပန်းကို အရင်တိုင်းပြန်မရတော့လို. ငါမုန်းသွားတဲ.နင်.ကိုဘယ်လိုလုပ်ပြန်ချစ်နိင်မှာလဲ?? ငါနင့်ကိုချိုးရအောင် နင်ကသစ်ကိုင်းလား? အသည်းကွဲရအောင် ငါက ရင်ခွဲရုံကလည်းမဟုတ်ဘူး မြူဆွယ်တိုင်းပါရအောင် နင်ဦးနှောက်မရှိဘူးလား? ရင်ခုန်လားတဲ့ ရင်မခုန်ရင်သေမှာပေါ့ နင်ရူးနေလား? ငါအနားက လူ အယောက်(၁၀၀၀)ဖြတ်သွားရင်တောင် မင်းခြေသံကိုမှတ်မိနေတုန်းပဲ ဘာဖြစ်လို့ဆိုတော့ (၉၉၉)ယောက်က မြေကြီးကိုနင်းသွားပြီး..... မင်းကတော့ ငါ့ရင်ဘတ်ကို နင်းသွားလို့ပဲ ငါ့ထက် ခွင့်လွှတ်တတ်သူကို တွေ့ခဲ့ရင် ငါ့ကို..... စွန့်ခွာသွားပါ။ ငါ့ထက် တမ်းတတတ်သူနဲ့ ဆုံမိခဲ့ရင် ငါ့ကို..... မေ့ထားခဲ့ပါ။ ငါ့ထက် သံယောဇဉ်ကြီးသူကို ခလုတ်တိုက်မိခဲ့ရင် ငါ့ကို..... ချန်ထားခဲ့ပါ။ ငါကနင့်အတွက် ဇာတ်ရံဆိုပေမယ့် နင်ကငါ့အတွက် အမြဲဇာတ်လိုက်လေ ငါ့မျက်ရည်နဲ့ဖန်ဆင်းခဲ့တဲ့ နင့်အပြုံးတွေကိုကြည့်ပြီး နောက်ဆုံးတော့လည်းလေ... ငါ ပျော်တတ်လာမှာပါ အခုအချိန်ကစပြီးနင့်ကိုအတိတ် တွေနဲ့အတူထားခဲ့ပြီ ပစ္စပ္ပုန်မှာနင်မရှိတော့ဘူး အနာဂါတ်ထဲအထိနင်လိုက်မလာနဲ့ ok စိတ်တော့မကောင်းဘူး ဟာနင့်အတွက်:ha ငါရင်ခုန်သံရပ်သွားမှ....ငါကို$ရမ်းချစ်တယ်ပြောလို့ ကတော့  ငါနင်ကိုနပန်ကျင်းပီး...ပြောမယ်....ငါဒီနေ့  တခြားတစ်ယောက်ကိုအဖြေပေးလိုက်တာ.. နင်တွေးပီး...ဖြေသိမ့် လိုက်တော့ appleတဲ့...ငါတို့ တောင်ပေါ်မှာများပေါလို့ ... သူတို့ appleကမှတခြမ်းကြွက်ကိုက်ထားသေးတယ် ipadတဲ့ တို့ ဆီမှာပက်စရာအိုင်ပေါလို့ ....samsung galaxy tabတဲ့ samsungတော့ရှိဝူး အိမ်မှာဆန်တောင်းတော့ရှိတယ် VzO မချက်ဘူး ဓါတ်ပုံလဲ မ ပို့ဘူး နာမည်မပြောဘူး ဘယ်မှာနေလဲ မသိဘူး ရှင်းပြီနော် အော် ကျန်သေးတယ် VoiCe caLl လက်မခံဘူး ရည်းစားစကားလဲ မကြားချင်ဘူး ဖုန်းနံပါတ်လဲမပေးဘူး ဟုတ်ပီနော် ကုန်ကုန်ပြောမယ် ဘယ်သူ့ကိုမှစိတ်ကိုမ၀င်စားတတ်တာ........ ပြင်တော့ပြင်ရမည် .. အများကြီးမဟုတ်ပါ ..$ချိုးပဲပြင်ရမှာ.... အနိစ္စ~~~အရင်ရည်းစားကမမြဲ။ ဒုက္ခ~~~ဒီရည်းစားအတွက်သောကများရ။ အနတ္တ~~~နောင်လာမည့်ရည်းစားကလဲ အစိုးမရ။ ပြတ်သွားသမျှရည်းစားအားလုံး~~~အမျှ အမျှ အမျှ... 1 year, 12 months, 365 days, 8760 hours, 525600 minutes, 3153600 seconds, everyday, every night, every time,( I Always Miss You) အချစ်တစ်ပွဲပေးနော် အလွမ်းအဆွေးလုံးဝမထည့်နဲ့ အဆင်မပြေတာတွေနဲနဲလျော့ ကြည်နူးစရာလေးတွေများများထည့် သြော်အကောင်းဆုံးလေးပြင်ဆင်ခဲ့နော်... နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး...။ စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား...။ နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား...။ မပြောတတ်တာ မဟုတ်ဘူး... မပြောရက်လို့ ကြည့်နေတာ..... တုံးလို့ မသိတာမဟုတ်ဘူး.... ချစ်လို့ မသိချင်ယောင်ဆောင်ပေးနေတာ..... အယုံလွယ်တာမဟုတ်ဘူး.... နင်အလိမ်ပေါ်မျာစိုးလို့... အရာရာကိုခေါင်းညိတ်ပေးနေတာပေးနေတာပါ... လုပ်တဲ့အလုပ်က နောနော် ရဲ့ "အကန့်အသတ်မရှိ" ၊ ရတဲ့လစာက ၀ိုင်းစုခိုင်သိန်းရဲ့ "မက်လောက်စရာတစ်ကွက်မှမရှိ"၊ အိုဗာတိုင်း က လေးဖြူ ရဲ့ ''မရေရာဘူး"၊ အလုပ်ဆင်းတဲ့အချိန်က မျိုးကြီးရဲ့ ''အိမ်ပြန်ချိန်" တစ်ယောက်ထဲ နေရတာကြာတော့ တဖြည်းဖြည်းနဲ့ပျင်းလာတယ် နင်မရှိတော့ အမှတ်တရတွေလည်း ငါ့ဘ၀ထဲမှာရှင်းလာတယ်..... ချစ်သူဆီကအပြန်ဖိနပ်မှတ်လို့ စီးလာတာ ငါ့မာနတွေဖြစ်နေတယ် တော်တော်လေးတောင်ပါးနေပြီပဲ ရှိပါစေတော့.... ဘာပဲဖြစ်ဖြစ် ငါကချစ်တာကိုး..... မြန်မာလို အချစ် Englishလို I Love You Mathsလို 1500 Chemistryလို ပေါင်းစည်းခြင်း Physicsလို ပုံသေနည်းမရှိ Bioလို ရင်ခွဲကြည့် Eco လိုဈေးမဆစ်နဲ့ သမိုင်းလို ရာဇ၀င်တွင်ပြီး ပထ၀ီလို ကမ္ဘာတည်သရွေချစ်နေမယ် နင့်ရင်ခွင်ထဲမှာ****ငါ့ထက်ချစ်ရမဲ့လူ***ရှိလာမဲ့တစ်နေ့ ****မမုန်းပစ်ပဲ****ထားရစ်ခဲပါ*****မမေ့ပစ်ပဲ****ကျောခိုင်းသွားပါ *****တခြားတစ်ယောက်ကို****ရင်ခွင်ထဲထား****ခပ်ပါးပါးလေးပဲ****(ငါ့ကို) သတိရပေးပါ ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး သတိတွေတော့ရနေသေးတယ် တွေ့ချင်စိတ်တော့မရှိတော့ဘူး..... အဆင်းရဲဆုံးက စိတ်~! အချမ်းသာဆုံးက အလွမ်း~! အရှားပါးဆုံးက အချစ်~! အပေါများဆုံးက မျက်ရည်~! အဝေးဆုံးက ချစ်သူ~! အနီးဆုံးက ဒုက္ခ~! အစောဆုံးက နေ၀င်ချိန်~! နောက်အကျဆုံးက နောင်တ~! သြော်...ဆိုးလိုက်တဲ့ဘ၀~! အဲဒါငါ့ဘ၀~! ♥~~~ ပိုက်ဆံများရှိလို့ကတော့...ဖြူဖြူကျော်သိန်းကိုငှားပြီး ဘယ်သူကိုယ့်လောက်ချစ်သလဲဆိုတဲ့ သီချင်းကို နင့်အိမ်ရှေ့မှာ ညလုံးပေါက်ဆိုခိုင်းမယ် သိလား ~~~♥ အသဲကွဲခံမလား ဝဲစွဲခံမလား .. မပွေတက်ချင်နေမယ် ငွေမမက်တဲ့မိန်းမမရှိဘူး .. အစုံမတက်ချင်နေမယ် ဂုဏ်မမက်တဲ့မိန်းမမရှိဘူး .. ပကာသနကို သိချင်ရင် မြန်မာမကို ရည်းစားထားကြည့်.....!! ငါ့အသည်းကိုခွဲတုံးက............နင့်လက်ဓားရှသွားတယ်ဆို.......... သတိထားပေါ့ဟ....... ငါကနင်တစ်ခုခုဖြစ်မှာ.............အရမ်းစိုးရိမ်တယ်..... “ဝ”မရှိ ၀ိမလုပ်နဲ့ ဝဝစား ဝေးဝေးနေ ဝါးတားတားနဲ့ ဝေ့လည်ကြောင်ပတ်လုပ်ပြီး ဝူးဝူးဝါးဝါးနဲ့ဝင်မရှုပ်နဲ့ ဝုန်းဒိုင်းကြဲပြီး ဝိုက်ထည့်လိုက်လို့ ဝဲတွေပေါက်ပြီး ဝရုန်းသုံးကားဖြစ်သွားမယ်... ♥♥♥နိုးထတဲ့အချိန်မှာမင်းရဲ့အရိပ်ဖြစ်လို့ အိပ်စက်တဲ့အချိန်မှာမင်းရဲ့ အိမ်မက်ဖြစ်ပါရစေ♥♥♥ ချစ်မိသူတစ်ယောက်ကို မေ့ဖို့ကြိုးစားတာဟာ ချစ်ဖို့ကြိုးစားတာထက် ဆယ်ဆပိုပင်ပန်းတယ်ဆိုတာ မငြင်းပါဘူး မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့မိလို့ လွမ်းရတာကိုကျေနပ်မိတယ်................. နင်ချကျွေးတဲ့ ဥပက္ခာကိုစားရင်း ငါအသဲမာတတ်လာတယ် SORRY ငါ FEEL နည်းနည်းကျဲသွားတယ် လွမ်းတော့လွမ်းတယ် နင်ကိုတော့မဟုတ်ဘူး ငါပေးလိုက်ရတဲ့ အချစ်တွေကိုအလွမ်းဆုံးဘဲ ခင်ယုံပါဆို ဘာလို့ ရင်ခုန်စရာတွေးတာလဲ ရိုးရိုးသိတာပါဆိုလဲ ခိုးခိုးကြည့်စရာ မလိုပါဘူး ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော် အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံမှပေါ့ လွမ်းရဲရင်လမ်းခွဲလိုက်ပါ ချစ်သူ..ပြီးတော့မှ ၀မ်းမနည်းနဲ့ Sorry ဘဲ..အဲဒိနေရာတင် လဲသေလိုက် ဦးကျော်သူကို ဖုန်းဆက်ပေးမယ် သံယောဇဉ်လက်ကျန်လေးရှိလို့ ရက်လည်မှာ Rapper Showပါထည့်ပေးမယ် လူစည်တာပေါ့ ♥!* ငါလာရင် လေယာဉ်ပျံ နဲ့ လာမှာမို့ သင်္ဘောဆိပ်မှာ ရထားနဲ့ လာကြိုပါ ကိုင်း.. ကိုင်း...ကားပေါ်တက် လှေလှော် သွားရအောင်.... ဟဲ့ .. နွား !!!! မင်းအပြုံးမှာ ဗုံးပါမယ်ဆိုရင်တောင် ငါ့အတွက် ရည်ရွယ်ပြီး ပြုံးတာ ဖြစ်မယ်ဆိုရင် ငါယူမယ်ဒီအပြုံးကို မင်းအပြုံးသာ မာယာပါမယ်ဆို ငါ့ခြံဝတောင် လှည့်မပြုံးပါနဲ့ ဘာလို့လဲဆိုတော့ ငါရိုးသားတဲ့ချစ်ခြင်းနဲ့ မင်းကိုချစ်လို့ပါ ၂ ယောက်လုံးပျော်ဖို့မဖြစ်နိုင်တော့တဲ့ အတူတူ ဘာဖြစ်လို့ ၂ ယောက်လုံးငိုနေရမှာလဲ ချစ်သူ.. တစ်ယောက်တော့ပျော်နိုင်ရမှာပေါ့.. နင်ပျော်နေပါ. ငါငိုနေပ့ါမယ်.. You mAke me ရွစိရွစိ My heArt is ယားကျိယားကျိ I do yOu ကွစိကွစိ you sAy me ပွစိပွစိ at the End we aRe .......kwi kwi ^^ နင်အသဲခွဲတာ killing spree ပဲရှိသေးတာ ငါက အသဲခွဲတာ Beyond Godlike တောင် ဖြစ်နေပြီ Ultra Kill တွေ rampage တွေရကုန်လို့ someone kill him လို့ တောင် ပြောကုန်ကြပြီ killing spree လောက်နဲ တက်မလာနဲဦး moonstar kill ရ မှငါ့ကိုပြော... ငါ့ကိုထားသွားပြီဆို ကျေးဇူးပြုပြီး မနှစ်သိမ့်နဲ့တော့..... အပ်တစ်ချက်ချုပ်တိုင်း ချုပ်ရာတစ်ချက် နာရလို့ပါ။ ကောင်းကင်ရဲ့လက်ဆောင်က မိုးတိမ် နေ့သစ်ရဲ့လက်ဆောင်က နံနက်ခင်း...ချစ်သူရဲ့လက်ဆောင် မှဘာလို့အမုန်းတွေဖြစ်နေရတာလဲ... ငါက ချစ်ပြတော့ နင်ကပစ်ချတယ်..ငါက ပြုံးပြတော့ နင်က မုန်းပြတယ်..ရော့နင့်အတွက် ဒီမှာ ပန်းသီးတစ်လုံး နင့်လက်ထဲရောက်ရင် ဗုံးတစ်လုံးဖြစ်စေသားးးးးးးးးးးးးး မုန်းပြီဆိုရင်တော့..1500 ကို 1600 ပေးလည်းလှည့်မကြည့်ဘူး။။ အချစ်ဆိုတာ Bus ကားလိုပဲ ထွက်သွားတဲ့ ကားနောက် ပြေးမလိုက်နဲ့ မောတယ်။။။ ခဏလေးစောင့်လိုက် နောက်တစ်စီးလာလိမ့်မယ် ဟုတ်တယ်ဟုတ် ကံကြမ္မာ က ငါ့ဘက်မရှိပေမဲ့ နင် တော့ ငါ့ဘက်မှာ ရှိနေပေးသင့်တယ်လို့ ထင်မိတယ်။ အချစ်အကြောင်း နင်ပြောတဲ့အခါ ငါရယ်ချင်လာတယ်......... နင်ကချစ်မှမချစ်တတ်တာ..... Please . . . Wait . . . . My Heart is ♥ ♥♥ ♥ ♥♥ ♥ Loading . . . █ 1% ██ 10% ███ 20% ████ 30% █████ 40% ██████ 50% ████████ 60% ██████████ 70% █████████████ 80 % ███████████████ 90% Loading . . . ████████████████████████████████ 99.98% Connection Fails. Try again later အနားမှာရှိတဲ့လူတိုင်းကိုမချစ်ပါဘူး. ချစ်တဲ့သူကိုပဲအနားမှာရှိစေချင် တာပါ... ချစ်သူတွေအများကြီးလဲမရှိပါဘူး..... ရှိတဲ့သူတယောက်ကိုပဲအများ ကြီးချစ်ပါတယ်..... လူတော်တော်များများက.. အထီးကျန်တဲ အချိန်ဆို လမင်းကြီးကို မော့ ကြည့်တတ်ကြတယ်.. ငါကတော့ မော့မကြည့်ပါဘူး.. အထီးကျန်တဲ့ သူနှစ်ယောက် မျက်နှာချင်းဆိုင် မိမှာစိုးလို့....... •*•၀န်ခံပါတယ်......•❤ ပထမဆုံးအကြိမ် ကြိုးစင်တက်ခြင်းနဲ့အတူ နောက်ဆုံးအကြိမ် သေဆုံးခြင်းရဲ့. ထပ်တူညီတဲ့...ရင်ခုန်မှုတွေနဲ့ . နင့်ကိုချစ်ခဲ့ပါတယ်........✖❤ လူအနားတွင် ကွန်ပြူတာ မရှိသေးပါ။ အရေးကြီး ကိစ္စရှိလျှင် မတ်ဆေ့  ချန်ခဲ့ပေးပါ။ မတ်ဆေ့ မရှိလျှင် ၁ ကျပ်တန် ထားခဲ့ပါ။ ၁ ကျပ်တန် မရှိလျှင် ၅ ထောင်တန် ထားခဲ့ပါ။ တရားစွဲလို့ မရလို့ ပေါ့ .... ရလို့ကတော့... အိမ်မက်ထဲမှာ ပိုင်နက် ကျူးလွန်မူ... စိတ်ကူးတွေကို လွှမ်းမိုးထာမူ... ရင်ခုန်နှုန်း မြန်အောင်လုပ်မှုနဲ့..... နင် ဒီတသက် အပြင်တောင် ရောက်မှမဟုတ်ဘူး # နင်ထွက်သွားတဲ့ နေ့ကစပြီး... ရပ်ကွက်ထဲမှာ မီးပျက်တယ်... ရေမလာဘူး.... မီးပွိုင့်တွေ ပိုကြပ်တယ်.... နောက်ပြီး ဆိုင်ကယ်ဘီး ပေါက်တယ် ..... ခလုတ်တိုက်တယ် ဖိနပ်ပျက်တယ်....... ဒါကြောင့်... နင့်ကိုငါ လွမ်း....တယ်.......... ^^ ☆´¯ ☎ ဖုန်းလား မရှိဘူး... အိမ် ကိုပြန်ပေးလိုက်ပြီ.. ★´¯ကားလား ၀ယ်ကိုမ၀ယ်တာ ` •.☆ ငါလား ခု ရူးကြောင်ကြောင်ဖြစ်နေတယ်...`•.★ ဆူပူမှုဖြင့် ယောက်ျားမရနိုင် မင်းမဲ့စရိုက်ဖြင့်လည်း မိန်းမမရနိုင် အကြင်နာများဖြင့်သာ လူဦးရေ တိုးပွားစေနိုင်သည်။ တည်ငြိမ်သော connection ကိုလိုလားသည်.. Access Denied မကြာခဏဖြစ်သော connection ကိုမလိုလား။ ရာသီဥတုကပူ.. မီးစက်ကဆူ.. အဲကွန်းကပိတ်.. ပန်ကာကပျက်.. မီးကပြန်ပျက်.. ကော်နက်ရှင်ကမတက်.. ပိုက်ဆံကပြတ်.. ရည်းစားကဖြတ်.. ဗိုက်ကဆာ.. ပိုက်ဆံကမပါ.. တော်လိုက်တဲ့ငါ... တစ်ခါ hi 100ကျပ်၊နာမည်မေးလျှင် 200 ကျပ်၊ လိပ်စာပါသိချင်လျှင် 500 ကျပ်၊ အသည်းကွဲ၍လာတိုင်ပင်လျှင် 1000 ကျပ်၊ ဟိုမေးဒီမေး 5000ကျပ်၊ စစနောက်နောက် 10000 ကျပ်၊ ရည်းစားစကားပြောလျှင် FREE :D "နင်မရှိလည်းဖြစ်တယ်"ဆိုပြီး အော်နေတဲ့ပါးစပ်နောက်မှာ "ခွဲမသွားပါနဲ့" လို့တီးတိုးတောင်း ပန်နေတဲ့နှလုံးသားတစ်စုံ ရှိတယ်ဆိုတာနင်ကမှမသိတာ...:( အချစ် + ဒေါသ=ဆေးခန်း (သို့) ရဲစခန်း ........... အချစ် - အသိဥာဏ်= ကိုယ်ဝန် ........... အချစ် x စကား = မင်္ဂလာဆောင် ............ အချစ် ÷ ဦးနှောက်= အပျိုကြီး (သို့) လူပျိုကြီး.......... ♥♥♥ နင်မမှားပါဘူး ငါမမှန်ခဲ့တာ နင်မလာခဲ့ပါဘူး ငါမျှော်လင့်နေမိတာပါ နင်မချစ်ခဲ့ပါဘူး ငါသာရူးမိုက်ခဲ့တာ ♥♥♥ ဒူးထောက်မှ ရှူံးနိမ့်တယ်မခေါ်ပါဘူး တခါတလေ ကျောခိုင်းသွားသူတွေမှာလည်း အရှူံးတွေတပွေ့တပိုက်နဲ့ပါ... အသက်ပေးမှ ချစ်တယ်မခေါ်ပါဘူး တခါတလေ လှည့်ထွက်သွားသူတွေမှာလည်း အချစ်စစ်တွေနဲ့ပါ... နင် ဘာလုပ်နေလဲ? ငါ ကောင်းကင်ကို၃ဝဒီဂရီမော့ကြည့်နေတယ်...။ ၃ဝဒီဂရီမော့ကြည့်တယ်ဆိုတာ ဘာလဲ? အဲဒါ နင့်ကိုငါလွမ်းတဲ့ ထောင့်လေ...။ ဘာလို့ ကောင်းကင်ကို ၃ဝဒီဂရီ မော့ကြည့်ရတာလဲ? ငါ့မျက်ရည်တွေ စီးမကျအောင်လို့ပါ...။