Sunday, August 26, 2012

ဘ၀အတွက်စာစုလေးများ........

...........အပြစ်တင် ဝေဖန်ခံရတဲ့အခါ...............
မည်သူ့ကိုမှ
ဖြေရှင်းချက်ပေးမနေပါနဲ့။
အကြောင်းကတော့
သင့်ကိုချစ်ခင်တဲ့သူဆိုရင်
ယုံကြည်ပြီးသားဖြစ်တဲ့အတွက်
ရှင်းပြနေစရာ မလိုပါဘူး။
သင့်ကိုမချစ်ခင်တဲ့သူဆိုရင်
ယုံကြည်မှုမရှိတဲ့အတွက်
ရှင်းပြနေလည်း ယုံမှာမဟုတ်ပါဘူး။

(၇)
......................လက်သည်းတွေရှည်လာတဲ့အခါ
လက်သည်းကိုပဲ ဖြတ်လိုက်ပါ။
လက်ချောင်းတွေကို
 ဖြတ်ပစ်စရာ မလိုပါဘူး။
အထင်အမြင်လွဲမှားမှု ပေါ်လာတဲ့အခါ
အတ္တမာနကိုပဲ ဖြတ်လိုက်ပါ။
ချစ်ခင်မှုသံယောဇဉ်ကို
 ဖြတ်ပစ်စရာမလိုပါဘူး။

(၈)
စိတ်ဆိုးနေတဲ့အခါ
စကားပြန်မပြောပါနဲ့။
ပျော်ရွှင်နေတဲ့အခါ
ကတိမပေးပါနဲ့။
ဝမ်းနည်းနေတဲ့အခါ
ဆုံးဖြတ်ချက်မချပါနဲ့။




(၉)
ဘဝမှာ ပြန်မရနိုင်တဲ့ အရာသုံးခုရှိတယ်…
အချိန်၊ ပြောခဲ့မိတဲ့စကားနဲ့ အခွင့်အလမ်းပါ။
ဘဝမှာ မဆုံးရှုံးသင့်တဲ့ အရာသုံးခုရှိတယ်…
ငြိမ်းချမ်းမှု၊ရိုးသားမှုနဲ့ မျှော်လင့်ချက်ပါ။
ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခုရှိတယ်…
ချစ်မေတ္တာ၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ သူငယ်ချင်းပါ။

(၁၀)
ဘဝရဲ့ အခက်အခဲ အတားအဆီးဆိုတာ
သင့်ကို မလှုပ်ရှားနိုင်အောင်
 ပြုလုပ်နေတာမဟုတ်ဘူး။
သင်ဘယ်လိုလူစားလဲဆိုတာ
ပြသနိုင်ဖို့
အခွင့်အရေး ပေးနေတာပါ။

ငါ့ဘ၀.......

နင်မရှိခင်က ငါ့မှာ
နှလုံးသား တစ်ခုရှိခဲ့တယ် ..
အမြဲရှာဖွေခဲ့တယ် .. အမြဲ လက်လှမ်းခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မတွေ့ရှိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ် တစ်ခုရှိခဲ့တယ် ..
အမြဲ လိုချင်တယ် .. အမြဲတောင့်တခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ အနားမရခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ်ကူး တစ်ခုရှိခဲ့တယ် ..
အမြဲ ကြိုးစားခဲ့တယ် .. အမြဲ လိုချင်ခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မပြည့်ဝခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
ဘ၀ တစ်ခုရှိခဲ့တယ် ..
အမြဲ အစီအစဉ်ချခဲ့တယ် .. အမြဲမျှော်လင့်ခဲ့တယ်
ဒါပေမဲ့လဲ မပြီးမြောက်ခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
မျှော်လင့်ချက် တစ်ခုရှိခဲ့ဖူးတယ် ..
အမြဲရှင်သန်ခဲ့တယ် .. အမြဲလိုချင်ခဲ့တယ်
ဒါပေမဲ့လဲ မစုဆောင်းမိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
အိပ်မက်တစ်ခု ရှိခဲ့ဖူးတယ် ..
အမြဲရှည်လျားခဲ့တယ် .. အမြဲလဲလွဲချော်တယ်
ဘယ်တော့မှလဲ မယုံကြည်ခဲ့ရဘူး .. ။

နင် ငါ့ကိုရှာဖွေတွေ့ရှိချိန်မှာတော့
ဒီ .. အမှားအယွင်းတွေအတွက် ဖြေရှင်းဖို့ သင်ခန်းစာတစ်ခု
နင်သင်ကြားပေးခဲ့တယ် ..
နှလုံးသားနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့
ထူးဆန်းတဲ့ အချစ်အကြောင်းပေါ့ .. ။

Inline image 2  

ချစ်သူအတွက်..

ချစ်သူ.....မင်းအတွက်ဆိုရင်
ကြယ်စင်တွေကို ဒန်းစီးကြိုးလုပ်ပြီး
လမင်းကို ပခက်အိမ်အဖြစ်ဖန်တီးပေးချင်တယ်
တစ်ခါတစ်ရံပေါ့နော်..နပိုလီယံရဲ့  ဆံပင်ကောက်ကောက်တွေကို
ခေါက်ဆွဲအဖြစ်ပြင်ဆင်ပြီး ဟစ်တလာရဲ့ နှုတ်ခမ်းမွှေးကို
နံနံမိတ်အဖြစ် ကမ္ဘာ့ အကျော်ကြားဆုံး အစားအစာ ပြင်ဆင်ပေးချင်တယ်
ဗန်ဂိုးရဲ့  ချစ်သူအတွက်ဖြတ်ခဲ့ တဲ့ နားရွက်တစ်ဖက်ကို
မင်းစိတ်မဝင်စားနဲ့ ချစ်သူ၊ ငါတို့ အတွက် အစားအစာတစ်ခုလောက်တောင်
အသုံးမဝင်ဘူး....
မင်းနဲ့ ငါတွေ့ ဆုံမှုကို မာတီနာဟင်းဂစ်၇ဲ့  ပေါင်ဖြူဖြူတွေထက်
သတိရတယ် ချစ်သူ
ချားဒါဝင်ရဲ့ လူအဖြစ်ဆင်းသက်မှုကို မလေ့လာနဲ့ ချစ်သူ
မင်းနဲ့ ငါ မျောက်မျိုးရိုးတွေဖြစ်ကုန်မယ်
ပစိဖိတ်သမုဒ္ဒရာကို မင်းအတွက်ရေကူးကန်အဖြစ်
ဖန်တီးဖို့  အယ်ဒီဆင်ကိုရှာဖွေနေဆဲပါ
ဘင်လာဒင်ရဲ့  WTC အဆောက်အုံဖောက်ခွဲမှုကိုအားကျပြီး
ငါ့နှလုံးသားကို မဖောက်ခွဲလိုက်ပါနဲ့ ချစ်သူ
ငါ့နှလုံးသားအတွက် အိုဗားမားက တာဝန်မယူပေးနိုင်လို့ ပါ
ဘရစ်တနီစပီးယားရဲ့  ချက်ပေါ်အင်္ကျီတစ်ထည်ကို
မင်းလိုချင်တယ်ဆိုရင် ရည်းစားစကားလိုက်ပြောဖို့ 
ငါဝန်မလေးပါဘူး(မင်းအတွက်နော်...ချစ်သူလေး)
မာရီလင်မွန်ဂိုးရဲ့ အလှအပကို
မင်း၇ဲ့ ဆံချည်မျှင်တစ်ရွေးသားမျှတောင်
ငါမလဲပါရစေနဲ့ ချစ်သူ
တိမ်စိုင်တွေကိုပေါင်မုန့် နဲ့ ညှပ်စားဖို့ 
နေ့တစ်နေ့ ငါစဥ်းစားထားတယ် ချစ်သူ
အဲဒီနေ့ဟာ မင်းကိုငါမေ့မယ့်နေ့ ပေါ့...........