Sunday, August 26, 2012

ငါ့ဘ၀.......

နင်မရှိခင်က ငါ့မှာ
နှလုံးသား တစ်ခုရှိခဲ့တယ် ..
အမြဲရှာဖွေခဲ့တယ် .. အမြဲ လက်လှမ်းခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မတွေ့ရှိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ် တစ်ခုရှိခဲ့တယ် ..
အမြဲ လိုချင်တယ် .. အမြဲတောင့်တခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ အနားမရခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
စိတ်ကူး တစ်ခုရှိခဲ့တယ် ..
အမြဲ ကြိုးစားခဲ့တယ် .. အမြဲ လိုချင်ခဲ့တယ်
ဒါပေမဲ့လဲ ဘယ်တော့မှ မပြည့်ဝခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
ဘ၀ တစ်ခုရှိခဲ့တယ် ..
အမြဲ အစီအစဉ်ချခဲ့တယ် .. အမြဲမျှော်လင့်ခဲ့တယ်
ဒါပေမဲ့လဲ မပြီးမြောက်ခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
မျှော်လင့်ချက် တစ်ခုရှိခဲ့ဖူးတယ် ..
အမြဲရှင်သန်ခဲ့တယ် .. အမြဲလိုချင်ခဲ့တယ်
ဒါပေမဲ့လဲ မစုဆောင်းမိခဲ့ဘူး .. ။

နင်မရှိခင်က ငါ့မှာ
အိပ်မက်တစ်ခု ရှိခဲ့ဖူးတယ် ..
အမြဲရှည်လျားခဲ့တယ် .. အမြဲလဲလွဲချော်တယ်
ဘယ်တော့မှလဲ မယုံကြည်ခဲ့ရဘူး .. ။

နင် ငါ့ကိုရှာဖွေတွေ့ရှိချိန်မှာတော့
ဒီ .. အမှားအယွင်းတွေအတွက် ဖြေရှင်းဖို့ သင်ခန်းစာတစ်ခု
နင်သင်ကြားပေးခဲ့တယ် ..
နှလုံးသားနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့
ထူးဆန်းတဲ့ အချစ်အကြောင်းပေါ့ .. ။

Inline image 2  

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်နော်