Saturday, October 15, 2011

The Best Note

ရန်ဖြစ်ငြင်းခုန်တဲ့အခါ အရင်ဆုံး "ဆောရီး"လို့ တောင်းပန်တဲ့လူဟာ
သူ့အမှားကို ဝန်ခံတာမျိုးမဟုတ်သလို၊ အရှုံးပေး နှလုံးအေးတာလဲ မဟုတ်ဘူး။
ဒီအချစ်ကို တစ်ဘက်လူထက် သူပိုတန်ဖိုးထားမြတ်နိုးလို့ဖြစ်တယ်။ ပိုတည်မြဲစေချင်လို့ဖြစ်တယ်။
ငါဟာ နင့်ရဲ့လေတံခွန်လေးပါ။ ငါ့ကို နင်လွှတ်ရင်လွှတ် မလွှတ်ရင် သေချာသိမ်းထားပါ။
မမြင်ရတဲ့ သံယောဇဉ်ကြိုးတစ်ချောင်းနဲ့ ငါ့ကို လွှတ်လိုက် ရုတ်လိုက် ဆော့မကစားပါနဲ့။
ငါ... ဝမ်းနည်းတတ်တယ်။
ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံး အချစ်စကားက "နင့်ကို ငါချစ်တယ်" မဟုတ်ဘူး၊ "ငါတို့ အတူနေရအောင်" လည်း မဟုတ်ဘူး....
ငါအားငယ်ချိန်၊ ခိုကိုးရာမဲ့ချိန်၊ ဝမ်းနည်းကြေကွဲချိန် နင်ပြောတဲ့ "နင့်ဘေးမှာ ငါရှိတယ်" ဆိုတာပဲဖြစ်တယ်
အတူနေတာကြာလာတော့ ငြင်းခုန်ရန်ဖြစ်တာမျိုးလည်း ရှိတတ်ကြမှာပေါ့။
တချို့ချစ်သူတွေက အမြဲငြင်းခုန်ရန်ဖြစ်တယ်။ ဒါပေမဲ့ အချိန်တွေတစ်နှစ်ပြီးတစ်နှစ် မခွဲမခွာ သူတို့အတူကျော်ဖြတ်ကြတယ်။

တချို့ချစ်သူတွေက ဘယ်တော့မှ ရန်မဖြစ်ဘူး။ သူတို့ရဲ့နွေးထွေးချိုမြိန်တဲ့အချစ်က တခြားလူတွေအဖို့ အားကျစရာပေါ့။ ဒါပေမဲ့ ရုတ်တရက် လမ်းခွဲပြတ်စဲလိုက်တာမျိုးတွေ ရှိတယ်။သင့်အနားကမခွာဘဲ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူဟာ သင့်ကိုတကယ်ချစ်တဲ့သူဖြစ်တယ်။ သည်းခံတာတွေ၊ ချုပ်တည်းတာတွေများလာရင် အချိန်မရွေး ပေါက်ကွဲတတ်တဲ့ ဗုံးနဲ့တူလာတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထပေါက်ကွဲရင် ခံစားမှုတွေလည်းရှုံး၊ အချစ်တွေလည်း ကွဲကြေသွားပေါ့....
ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
ငြင်းခုန်နေပါစေ၊ စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ... အမြဲအတူရှိနေမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
ငါတို့အလုပ်များနေပါစေ၊ ငါတို့ မောပန်းနေပါစေ
... တစ်ယောက်ကိုတစ်ယောက်တွေ့တာနဲ့ နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး ရှေ့ဆက်လျှောက်လှမ်းသွားမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
တယိုင်တယိမ်းလှမ်းလျှောက်နိုင်ချိန်အထိ၊ ဆည်းဆာနေဝင်ချိန်အထိ၊ ဆံဖြူသွားကျိုးတဲ့အထိ....
မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။ ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?
အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှုခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။
လောကကြီးမှာ ကောင်းမွန်တဲ့အားပေးစကားလောက် အင်အားကြီးတဲ့အရာမရှိဘူး။ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်စေတဲ့ စကားလေးတစ်ခွန်း၊ မျှော်လင့်ချက်ပြည့်တဲ့ စကားတွေက တစ်ဘက်သားကို ခွန်အားဖြစ်စေတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ "မင်း လုပ်နိုင်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ပြောပေးပါ။
အရှေ့နေထွက် အနောက်နေဝင်...
စိတ်ညစ်ရင်လည်း တစ်ရက်ပဲ...ပျော်ရွှင်ရင်လည်း တစ်ရက်ပဲ။
ဘာလို့ အဲဒီတစ်ရက်ကို ပျော်ရွှင်ခြင်းနဲ့ မပြီးဆုံးစေချင်တာလဲ!
ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။
ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်နော်