Tuesday, October 4, 2011

အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်....


အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်

1. ရည်းစားနှင့်လမ်းသလားသူ = အချုပ်ကားနှင့် ခရီးသွားသူ

2. Gtalk ဖြင့် အချိန်မှန်သတင်းပို့ရသူ = ခြေချုပ်ခံဝန် မှန်မှန်လက်မှတ်ထိုးရသူ

3. ရည်းစားရှိသော်လည်း ချက်ပြုတ်ကျွေးမည့် လင်ငယ်ရှိသူ = အချုပ်ကားစီးသော်လည်း ထိုင်ခုံရသူ

4. ရည်းစားစိတ်ဆိုး၍ မရှိရှိတာ ဝယ်ချော့ရသူ = အချုပ်ကားစီးရသည့် အပြင် ဓာတ်ဆီဖိုးပါပေးရသူ

5. သူ့ကို ကြိုက်သောစော်ရှိသော်လည်း ငြင်းသူ = အချုပ်ကားကို လမ်းကြုံစီးခိုင်းသော်လည်း ငြင်းသူ

6. ကြိုက်သောမိန်းမနဲ မရဘဲ အိမ်ထောင်ကျလာသူ = အမှုမှားပြီး ထောင်ချခံရသူ

7. မိန်းမရပြီးမှ မိန်းမက ပွစိပွစိအလုပ်ခံရသူ = ထောင်ထဲတွင် မိလ္လာဘုတ်ကိုင်ရသူ

8. မိန်းမရပြီးမှ ခယ်မကိုကြံသူ = ထောင်မပြောင်းဘဲ အဆောင်သာပြောင်းချင်သူ

9. မိန်းမမသိအောင် အနှိပ်ခန်းသွားသူ = ထောင်မှူးအလစ်တွင် ဆေးလိပ်ခိုးသွင်းသူ

10. မိန်းမနှင့် အဆင်မပြေသော်လည်း အဆင်ပြေသယောင်ယောင်ပြောသူ = ပြစ်ဒဏ်လျှော့ပေါ့မှုကိုမျှော်၍ လိမ်လည်ထွက်ဆိုသူ

11. မိန်းမရပြီးသော်လည်း မိန်းမကို အဝေးမှာထားသူ = သက်သာရန် ရည်ရွယ်ပြီး တစ်ကျွန်းသို့ရှောင်နေသူ

12. မိန်းမနားငြီးသော်လည်း ယောက်ခမနှင့် အဆင်ပြေသူ = ထောင်ကျသော်လည်း အခန်းလူကြီးနှင့် အဆင်ပြေသူ

13. တစ်ခုလပ် = ထောင်မှ "တရားရှင်" လွတ်လာသူ

14. မုဆိုးဖို = ထောင်မှ "တရားသေ" လွတ်လာသူ

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်နော်